Sunday, August 31, 2014

Miss call maker ဆိုတဲ့ application ​လေးနဲ့ မိတ်​ဆက်​​ပေးပါမယ်

Miss call maker ဆိုတဲ့ application ​လေးနဲ့ မိတ်​ဆက်​​ပေးပါမယ်​။
ဒီapp ​လေးက ​တော်​​တော်​ မိုက်​တယ်​ဗျ။
အားလုံးလည်းMiss call maker ဆိုလို့
စိတ်​ဝင်​စားကြမှာပါ ။
Phone bill မကုန်​ပါဘူး။bill မရှိလည်း miss call ​ပေးနိုင်​ပါတယ်​။
အသုံးပြုပုံက​တော့ ​ထွေ​ထွေထူးထူး ရှင်းပြစရာမလို​လောက်​ပါဘူး။
ကိုယ်​miss call ​ပေးချင်​တဲ့ ဖုန်းနံပါတ်​ကို contact ထဲထည့်​ထားရပါမယ်​။
ပီး​တော့ ကိုယ်​​ခေါ်ချင်​တဲ့သူ ကိုနှိပ်​လိုက်​ပါ
နောက်​ပီး Give A Buzz ကို နှိပ်​လိုက်​ပါ
box ကျလာလိမ့်​မယ်​ Yes ကို နှိပ်​လိုက်​ရင်​ ရပါပီ။
အားလုံးပဲ အဆင်​​ပြေ​စေ။
Application ကို ​အောက်​မှာ download လုပ်​ပါ။
https://copy.com/N2geFPcbuSb7oGxt

                             written by-Pyae Sone

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော
===============================
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို အခမဲ့အနေဖြင့် အင်တာ နက်လိုင်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

ပြည်တွင်း၌ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါတက္ကသိုလ်များအနေဖြင့် အင်တာနက်စနစ် ချိတ်ဆက်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ဦးမျိုးဆွေကပြောသည်။
“ဆက်သွယ်လာရင် ချိတ်ပေးမှာပေါ့။ ပစ္စည်းပိုင်းတော့ မပါဘူး။ အင်တာနက်သုံးဖို့အတွက် Brandwidth တစ်ခုပေးမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်တာနက်ကွန်ရက်ကို အသုံးပြု၍ လေ့လာမှု များ ပြုလုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ပေးအပ်သည့် Brandwidth နှင့်အတူ တက္ကသိုလ် နယ်မြေအတွင်း အခမဲ့ Wifi အင်တာနက်စနစ်ကို ပြန်လည်ပေးဝေ အသုံးပြုရန်ဖြစ်သည်ဟု သိရသည်။

“Wifi သုံးဖို့ လူအရေအတွက် နည်းနည်းလောက်ကိုပဲ ပေးနိုင်တယ်။ ကျောင်းသားလူဦးရေနဲ့ ယှဉ်ရင် Wifi သုံးဖို့ ခွင့်ပြုပေးထားတဲ့ အရေအတွက်က နည်းနည်းလေးပါ။ အခုက ပိုဆိုးတယ်။ ကျောင်းသားတိုင်းက မိုဘိုင်းဖုန်း ကိုင်ကြတော့ Wifi အပြည့်ပေးနိုင်ဖို့က မလွယ်ဘူး”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) မှ ဆရာတစ်ဦးက ဆိုသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ရခိုင်ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေဖြင့် စစ်တွေ တက္ကသိုလ်တွင် Wifi အင်တာနက်စနစ်ကို ချိတ်ပေးနိုင်ခဲ့သည့်အပြင် ရေဆင်းတက္ကသိုလ်တွင်လည်း သြဂုတ်လအတွင်း Wifi အင်တာနက်စနစ်ကို ချိတ်ဆက်ပေးနိုင်ခဲ့သည်ဟု သိရသည်။ တက္ကသိုလ်များ၌ အင်တာနက်စနစ်ချိတ် ဆက်ပေးခြင်းသည် နောင်အချိန်၌ နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပညာသင်ကြားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် အော်ပရေတာအသစ် တစ်ခုအနေဖြင့် လုပ်ငန်းများစတင် လုပ်ကိုင်နေပြီဖြစ်သည့် Ooredoo ကုမ္ပဏီသည် Telecenters ပေါင်း တစ်သောင်းခန့်ကို တက္ကသိုလ်များနှင့် ဆေးရုံများ၌ တည်ထောင်ပေးသွားမည်ဟု မြန်မာအစိုးရထံ ဆက်သွယ်ရေး အော်ပရေတာလိုင်စင် လျှောက်ထားစဉ်က ကတိပြုပြောကြားထားသည်။

                                                    By.... PSO

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြားလိုက်သည်။

ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြုချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။

Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် သင့်လျော်သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။

(၃၁.၈.၂၀၁၄)Anycall Mobile Handset Price List ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

(၃၁.၈.၂၀၁၄)Anycall Mobile Handset Price List
ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။
______________________________________
မန္တလေးဖုန်း0271122,0268886
ရန်ကုန်ဖုန်း 01500177 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
APPLE Price List
I Phone 5S(16GB)black --630000
I Phone 5S(16GB)Gold --625000
I Phone 5S(32GB)black --752000
I Phone 5S(64GB)White --802000
I Phone 5S(64GB)Black --810000
I Phone 5S(64GB)Gold --808000

I Pad air wifi(16GB) --480000
I Pad air wifi(64GB) --666000

I Pad mini II wifi(16GB) --382000

I Pad mini II 4G(16GB) --516000

LG
Optimus G Pro Lite --249000
Optimus G 2 --495000
Optimus G --435000
Nexus 4 --399000
L9 --275000
L7 II --240000
L7 --185000
L5 II --170000
L5 --149000
L3 --95000
L40 --99000
G2 mini --299000
L90 --239000

Samsung Company(5ထောင်တန်ဘေကဒ်လက်ဆောင်)
S5 --560000
S4 --442000
Note 3 --582000
Core2 --174000
S Duos II --149000
Mega Plus --304000
Tab 3 Lite 3G --199900
Tab4 7.0 --253000
Galaxy V(Ooredoo card ပါ) --97500
Tab S 8.4 --456000
Tab S(10.5) --539000
Note 8.0 --390000
NOte 10.1 --560000(3Card)
K Zoom --431000
Tab 4 10.1 --339000

Samsung
S5 white black --500000
S4 --360000
Y duos --110000
ETC-3520 --52000
S Duos 2 --123000
Ace2 --124000
Ace 3 --147000
S3 mini --171000
Fame Lite --76000
Trend Lite --98000

Sony
Z 2 --566000
Z one --357000
Z --273000
SP --200000
L --149000
M --134000
E1 --128000
M (Dual Sim) --137000

Vivo
X Play 510w 16GB --428000
X play 3S --548000
Y11w --138000
Y17W --268000
X Shot --468000
Y613(Y15) --188000
X3S --388000

Oppo
R1001 --99000
R2001 --199000
R829 --299000
X9006 --429000
R831D --149000
N5111 --369000

Lenovo
S820 --147000
S960 --342000

Emoto
E7000 --109500
E58L --96500
E58 --74000

CDMA 800 MHz Handset
CDMA Mega --304000
Y600D --83500
lG Kv 800 --70000

CDMA 450 MHz Handset
ZTE G500 --229000
E6 --45000
CF 190 --37000

Nokia
N108 --38000
N110 --50000
N112 --50000
N208 --52000

Huawei
Honor 3C --157500
G610+ --103000
G615 --117500
U8860 --99000
Y330 --86500

HTC
HTC one M8 --620000
One max --640000
One X --299000
Desire 600 --288000
Desire VC --169000
Desire X --199000
One --459000

Promotion
KV800 --70000
N500 --75000
T552 --25000

Tablet
I9 --160000
I 8 --125000

Internal Memory နဲတဲ့ဖုန်းတွေမှာ Memory မြှင့်နည်း

မိမိဖုန်းက internal memory နဲနဲလေးပါတဲ့ဖုန်းဆို အရမ်းစိတ်ညစ်ရပါတယ်...app နဲနဲလေးထည့်လိုက်တာနဲ့ပဲ
ပြည့်သွားပါတယ်... link2Sd တွေကလည်း အာရုံနောက်ပါတယ် ဟီး
လိုအပ်ချက်:-

1. ဖုန်းက Root လုပ်ထားရပါမယ်
2.Root Explorer လေးလိုပါတယ်..
ပြုလုပ်ပုံအဆင့်ဆင့် :-

1. Root Explorer ကိုဖွင့်လိုက်ပါ။
2.  system/etc folder ဆီသွားပါ..ထိပ်နားလေးက rw(read/write) ကို touch လုပ်ပြီး mount လုပ်ပါ
3.  vold.fstab file လေးကိုရှာပြီး SD card ထဲကို ကော်ပီလုပ်ပါ။
4. ဒီအဆင့်က Text Editor တစ်ခုခုနဲ့လုပ်နိုင်ပါတယ် ကျွန်တော်က pc ပဲအားရလို့ pc နဲ့လုပ်ပါတယ်
5. အောက်ကစာသားလေးတွေကိုရှာပါ။ မျဉ်းတားပြထားပါတယ်

6.  sdcard ဆိုတဲ့နေရာကို ext_card လို့ပြင်ရေးပါ ext_card ကိုတော့ sdcard ဆိုပြီး ပြင်ရေးလိုက်ပါ။အောက်ကအတိုင်းပြန်ဖြစ်သွားပါတယ်။.

7. ပြီးရင် ဖုန်းက  system/etc ကိုပြန်သွားပြီး vold.fstab file ကို  vold.fstab.old  လို့ပြောင်းလိုက်ပါ။
8.စောစော Text တွေ Edit လုပ်ခဲ့တဲ့ vold.fstab file ကို ဒီနေရာမှာ paste လုပ်လိုက်ပါ။ပြီးရင် အဲ့ဖိုဒါပေါ်ကို ခပ်ကြာကြာလေးဖိပြိး “rw_r_ _r_ _”  permission လေးယူပါ။
9. ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။
အကုန်ပြန်ပြောင်းမယ်ဆို အသစ်ထည့်ထားတဲ့vold.fstab file ကိုဖျက်ပြီး နာမည်ပြောင်းထားတဲ့ vold.fstab.old fileကို  vold.fstabလို့ပြောင်းလိုက်ရုံပါပဲ ... Reboot ချပေးလိုက်ပါနော်
ဒါပါပဲ
ကျွန်တော် Huawei Y220t လေးမှာ လက်တွေ့စမ်းသပ်ထားပါတယ်
အမှားပါသွားရင် တောင်းပန်ပါတယ်

Root exploror ​ဆော့ဝဲအား download လုပ်​ရန်​ https://copy.com/LDXSWXooZPYbb0xb
   
                                Written by - Pyae Sone

Saturday, August 30, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စက်တင်ဘာ ဒုတိယအပတ်တွင် အမေရိကန်တရားရုံး၌ တရားစွဲမည

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စက်တင်ဘာ ဒုတိယအပတ်တွင်
အမေရိကန်တရားရုံး၌ တရားစွဲမည်
===================================================

အမေရိကန်အခြေ စိုက် ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား ကန်ဒေါ်လာ သန်း ၁၈ဝ လျော်ကြေးရလိုမှုဖြင့် လာမည့်စက် တင်ဘာလ ဒုတိယအပတ်တွင် အမေရိ ကန်ရှိ တရားရုံးတစ်ခု၌ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။
''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို သတိပေးစာ နှစ်ကြိမ်ပို့ပြီးဖြစ်တယ်။ ခိုင်လုံတဲ့ အဖြေပြန်လည် ဖြေဆိုခြင်းမရှိ တဲ့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း တရား စွဲဆိုတော့မှာဖြစ်ပါတယ်''ဟု I.I.WS ဌာ နေ ကိုယ်စားလှယ်၏ အကြံပေးရှေ့နေ တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောသည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က အ မေရိကန် အခြေစိုက်ဆက်သွယ်ရေး ကုမ္ပ ဏီတစ်ခုဖြစ်သည့် I.I.WS နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ နှစ်ဦးသဘော တူ ချုပ်ဆိုခဲ့သွေွှာ TT Project အမည် ရှိ မြန်မာ့ဆက်သွယ်ရေး ပရောဂျက်လုပ် ငန်းတစ်ခုအား မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အကြောင်းပြချက် မရှိ ဖျောက်ဖျက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ I.I.WS မှ ဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမြတ် နုခိုင်က ပြောသည်။
အဆိုပါ အကြောင်းမဲ့ စာချုပ် ဖျက်သိမ်းခဲ့သည့်အတွက် နစ်နာကြေး အ မေရိကန်ဒေါ်လာ သန်း ၁၈ဝ ပေးဆောင် ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ မေ လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ် ကြိမ် အသိပေးအကြောင်းစာပေးပို့ခဲ့သော် လည်း တိကျခိုင်လုံသောပြန်လည်ဖြေကြား မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာ နှင့်ပတ်သက်၍ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပြုလုပ်ခဲ့သော ပရောဂျက်တစ်ခုဖြစ် သည့်အတွက် ပြန်လည်စစ်ဆေးနေဆဲ သာဖြစ်ပြီး စာချုပ်အား ပြန်လည်ရှာဖွေစစ် ဆေးရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်း စောလင်းထွန်းက ပြန်လည်ပြောကြား ထားကြောင်း သိရသည်။
တရားဥပဒေစိုးမိုးမှု ရှိစေရန် စာချုပ်ဖောက်ဖျက်ပါက တရားစွဲဆိုခွင့် ရှိသော သုံးနိုင်ငံအနက် အမေရိကန်တရား ရုံးကို ရွေးချယ်ရခြင်းဖြစ်ကာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ရင်ဆိုင်ဖြေ ရှင်းပေးခြင်းမရှိပါက မြန်မာနိုင်ငံအား Staellite ဆန်ရှင် ပိတ်သိမ်းမှုပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ ITU သို့ ဖိအားပေး တောင်းဆိုမှုပြုလုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်ဆက် သွယ်ရေးကုမ္ပဏီ I.I.WS မှ ထုတ်ပြန် ချက်များအရ သိရသည်။
                                                         ပြည့်စုံဦး

Viberမှ sticker ပိုက်ဆံနဲ့ ဝယ်ရတဲ့ sticker တွေကို free ရယူနည်းလေးပါ။

application တစ်ခုတင်ပြချင်ပါတယ်။ဒီ ဆော့ဝဲလေးက တော့ viber က ဝယ်ရတဲ့ sticker များကို hack ပေးမဲ့ ဆော့ဝဲပါ။သူငယ်ချင်းတို့  စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။
ဆော့ဝဲကိုတော့ အောက်မှာပေးထားတဲ့ link မှာ download လုပ်လိုက်ပါ။
အသုံးပြုပုံကတော့
-ဆော့ဝဲကို ဖွင့်ပြီးခဏစောင့်လိုက်ပါ။
-စာတွေပေါ်လာလိမ်မယ် အောက်ဆုံးက Continue ကို နှိပ်ပါ။
-ပြီးတော့ hack me ဆိုတာကိုနှိပ်လိုက်ပါ။
- အမှန်ခြစ်ပေါ်လာရင် အောင်မြင်သးပါပီ။
viber ကို ဖွင့်ကြည့်လိုက်ပါ sticker တွေတိုးလာတာ တွေ့ရလိမ့်မယ်

မှတ်ချက်- ဤဆော့ဝဲကို အသုံးပြုရန်         မိမိဖုန်းတွင် Root Acess ရှိရန်လိုအပ်သည်။

ခြွင်းချက် - ဤဆော့ဝဲ Hack လို့အောင်မြင်သွားရင် viber ထဲရှိဟmassage များ ပျက်သွားမည်ဖြစ်သည်။

ဆော့ဝဲအား အောက်ပါ link တွင် dowmload လုပ်ပါ

https://copy.com/vjKegG3Luvl1V0Bo

Download လုပ်နည်း

ပေးထားတဲ့ link ကို နှိပ်လိုက်ပါ။loading လုပ်နေပါလိမ့်မယ်။ခဏစောင့်လိုက်ပါ။ 
save လို့ပေါ်လာရင်  နှိပ်လိုက်ပါ။

- သူငယ်ချင်းများအားလုံး အောင်မြင်ကြပါစေ။
                                            
                                                        ပြည့်စုံဦး

Friday, August 29, 2014

Welcome....

ပြည့်စုံဦး ရဲ့ blog မှ သူငယ်ချင်း အားလုံးကို ကြိုဆိုပါတယ်။