Thursday, October 2, 2014

မျှော်လင့်ထားသော အရည်အသွေးထက် နိမ့်ကျနိုင်သည်ဟု Telenor

မျှော်လင့်ထားသော အရည်အသွေးထက် နိမ့်ကျနိုင်သည်ဟု Telenor ပြော
=====================================

မန္တလေးမြို့၌ ကွန်ရက်စတင် ဖွင့်လှစ်လိုက်သည့်အခါ မျှော်မှန်းထားသည်ထက် ပိုမို၍ အသုံးပြုသူများ ရှိ ခဲ့သည့်အတွက် ပြည်သူများ မျှော်မှန်းထားသည့် အရည်အသွေးထက် Telenor ၏ အရည်အသွေး နိမ့်ကျ သွားနိုင်ကြောင်း Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

Telenor ၏ ကွန်ရက်၌ အသံခေါ်ဆိုမှုကို အများအပြား ပြုလုပ်ခဲ့သည်ဟု လေ့လာတွေ့ရှိရပြီး အချို့ သောနေရာများ၌ အသံခေါ်ဆိုမှု ပြုလုပ်ရာတွင် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကွန်ရက်ကျပ်တည်းမှု
ပြဿနာကို ဖြေရှင်းနိုင်ရန် Telenor သည် အောက်တိုဘာလအတွင်း
မန္တလေးတိုင်းဒေသကြီးအတွင်း ကွန်ရက်ဖြန့်ကျက်မှုများကို
ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ အဆိုအရ အော်ပရေတာများသည်ဈေးကွက်ကို လျော့တွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်သည် ဈေးကွက်အနေဖြင့် တယ်လီကွန်းကဏ္ဍကို အလွန်တောင့်တလျှက်ရှိကြောင်း သိရသည်။ Telenor အရင် မိုဘိုင်းဖုန်းကွန် ရက်ကို စတင်မိတ်ဆက်ခဲ့သည့် Ooredoo သည်လည်း
ဈေးကွက်ကို လျော့ပေါ့တွက်ချက်ခဲ့သည့်အတွက် မိုဘိုင်းဖုန်းခေါ်ဆိုစဉ် လိုင်းကျပ်တည်းမှုများနှင့် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။

Ooredoo ၏ CEO ဖြစ်သူ Mr. Ross Cormack ၏ အဆိုအရ Ooredoo မိုဘိုင်းဖုန်းလိုင်းများ စတင်မိတ်ဆက်သည့်နေ့ ၌ အသံခေါ်ဆိုမှုပေါင်း ၆ သိန်း ၃ သောင်းရှိခဲ့ပြီး နောက်ပိုင်းရက်များ၌ အသံခေါ်ဆိုမှုသည် ထပ်မံများပြားသွားခဲ့သည်ဟု သိရသည်။ Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg သည် မန္တလေးမြို့၌ ၎င်း၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများနှင့် တွေ့ဆုံစဉ် Telenor သည် မန္တလေးမြို့၌
နှစ်ရက်အတွင်း မျှော်မှန်းထားသည့် ပမာဏထက် ကျော်လွန်၍ အသုံးပြုသူလူဦးရေကို ရရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် အောက်တိုဘာလ ၃ ရက်၌ နေပြည်တော်ရှိ Telenor ကွန်ရက်ကိုလည်း စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း Mr. Petter က ပြောဆိုခဲ့သည်။ Telenor ၏ ကွန်ရက်သည် မန္တလေးမြို့၌ မြို့နယ် ၇ မြို့နယ်အတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဆိုပါမြို့နယ် ၇ မြို့နယ်၌ တာဝါတိုင်ပေါင်း ၇၀ ခန့်ကို စိုက်ထူထားသည်ဟု သိရသည်။ လက်ရှိအချိန် ၌ Telenor သည် ၎င်း၏ ကွန်ရက်၌ အသုံးပြုသူ လူဦးရေကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသော်လည်း Ooredoo သည် ၎င်း၏ ကွန်ရက်၌ အသုံးပြုသူလူဦးရေ ၁ သန်း ၄ သိန်းကျော်ရှိပြီဟု ပြောဆိုထားသည်။

Credit:Pyae Sone

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်

Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေး ပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည် နိုင်ငံပေါင်း ၂၄၃ နိုင်ငံဆီသို့ အထွက်ခေါ်ဆိုမှု ပြုလုပ်လိုပါက နိုင်ငံအပေါ် မူတည်၍ တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဟု Telenor က သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၂၃၄ နိုင်ငံအနက် ခေါ်ဆိုမှုပြုလုပ်ရန် ခက်ခဲသည့် အက်စတိုး နီးယားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိနစ်လျှင် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခေါ်ဆိုမှုပြုလုပ်ရန် လွယ်ကူသည့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိလျှင် ၁၀၀ ကျပ်သာ ကျသင့်မည်ဟုလည်း သိရသည်။

Telenor သည် မန္တလေးမြို့၌ ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီဖြစ်ပြီး ပြည်တွင်း SMS စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားသည်။ အသံခေါ်ဆိုမှုအတွက် မည်သည့်အော်ပရေတာ ကိုမဆို ခေါ်ဆိုသည့်အခါ တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်သည်ဟု သိရသည်။Telenor ၏ ပြိုင်ဘက်အော်ပရေ တာ တစ်ခုဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို ၎င်း၏ အော်ပရေတာတူ ဖုန်းလိုင်း အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားသော အော်ပရေတာ၏ မိုဘိုင်းဖုန်းလိုင်းကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်အရ ၎င်းတို့ မိုဘိုင်းဖုန်းလိုင်း များသည် လက်ရှိအချိန်၌ ပြည်ပနိုင်ငံများနှင့် Roaming ကွန်ရက်ရရှိရန် ကြိုးစားနေကြောင်း၊ Roaming ကွန်ရက်ကို ရရှိပါက ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                          Pyae Sone Oo